23 July 2019

အနှစ်၄၀လုံးလုံး ဆံပင်ကိုမဖြတ်တောက် မလျှော်ခဲ့သော အိန္ဒိယအမျိုးသား



နှစ် ၄၀ လုံးလုံးဆံပင်ကို မဖြတ်မတောက်၊ မလျှော်ဘဲ အရှည်ထားခဲ့တဲ့ အိန္ဒိယနိုင်ငံက အမျိုးသားတဦးရဲ့အကြောင်းဟာ အင်တာနက်မှာ လူပြောများစရာဖြစ်လိုနေပါတယ်။

ဒီအမျိုးသားဟာ ဘီဟာ ပြည်နယ်အရှေ့ပိုင်း မန်ဒါဒါကျေးရွာမှာနေထိုင်တဲ့ ဆာကယ်ဒတ် တတ်ဒူပဲဖြစ်ပါတယ်။

အသက် ၆၃ နှစ် အရွယ်ရှိနေပြီဖြစ်တဲ့ ဆာကယ်ဟာ သူ့အသက် ၂၂ နှစ်အရွယ်ကတည်းကနေ ဆံပင်ကို ဒီအတိုင်းထားခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက သူဟာ အကြောင်းအမျိုးမျိုးကြောင့် ဆံပင်ကို မလျှော်မဖွတ်၊ မဖြတ်မတောက်ဘဲ ကာလရှည်ထားခဲ့မိရာမှ တနေ့သော မနက်ခင်းတခုမှာ သူ့ဆံပင်ဟာ dreaklock ဆံပင်အတိုင်း အရှုပ်အထွေးတွေ ဖြစ်နေတာကို သတိပြုမိခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူဟာ ဒီဆံပင်ပုံစံဟာ ဟိန္ဒူဘာသာတွေရဲ့ဘုရားဖြစ်တဲ့ အရှင် Shiva ရဲ့ ကောင်းချီးပေးခြင်းဖြစ်တယ်လို့ ယူဆခဲ့ပြီးတော့ ဆံပင်ကို ဒီအတိုင်းသာထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒါ့ကြောင့် နှစ် ၄၀ ကျော်ကြာခဲ့ပြီးတဲ့ ဒီနေ့မှာတော့ သူ့ဆံပင်ဟာ ခြောက်ပေအရှည်အထိ ရောက်ရှိနေပြီဖြစ်ပြီး အရှည်အတိုင်းဖြန့်ထားမယ်ဆိုရင် သူ့အရပ်ထက်တောင် ပိုရှည် နေပြီပဲဖြစ်ပါတယ်။

ဆာကယ်ဟာ ပြီးခဲ့တဲ့ နှစ် ၄၀ လုံးလုံး သူ့ဆံပင်အဝတ်တခုနဲ့စည်းပြီး သူ့ခေါင်းပေါ်မှာ ထုံးထားခဲ့တာဖြစ်ပြီး ဘယ်သွားသွား ဒီပုံစံနဲ့ပဲ သွားခဲ့တယ်လို့လည်း သိရပါတယ်။

ထူးခြားတဲ့ သွင်ပြင်ပုံစံကြောင့် ဆာကယ်ဟာ အဲဒီအချိန်ကစလို့ မန်ဒါဒါ ဒေသခံတွေကြားမှာ “Mahatma Ji” လို့ သတ်မှတ်ခံခဲ့ရပြီး တရွာလုံးရဲ့ လေးစားအားကိုးခြင်းကိုလည်း ရရှိခဲ့ပါတယ်။

ဒါ့အပြင် ဒေသခံအများစုက ဆာကယ်မှာ ရောဂါတွေကို ပျောက်ကင်းအောင်ကုသနိုင်တဲ့ စွမ်းအင်ရှိနေတယ်လို့ ယူဆနေကြပြီး သူဖော်စပ်ထားတဲ့ ရိုးရာဆေးဝါးကို ရယူဖို့အတွက် အိန္ဒိယတနိုင်ငံလုံးက သူ့ဆီလာရောက်ကြတယ်လို့ OC  သတင်းမှာဖော်ပြပါတယ်။

ဆာကယ်မတိုင်ခင် လွန်ခဲ့တဲ့ သုံးနှစ်ခန့်ကလည်း အရှည် ၁၉ မီတာရှိတဲ့ ဆံပင်ကြီးကို ပိုင်ဆိုင်ထားတဲ့ အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်က အမျိုးသားတဦး အကြောင်းကလည်း ကမ္ဘာ့သတင်း မီဒီယာတွေထက်မှာ နာမည်ကျော်ခဲ့ဖူးပါတယ်။

Credit # မူရင်း

No comments:

Post a Comment