11 August 2019

Galileo Galilei ဂယ်လီလီယို

ဂယ်လီလီယိုသည် ဂီတပညာရှင်တစ်ဦးအဖြစ်  မွေးဖွားလာပြီး ပထမဦးစွာ ဆးပညာရပ်ကိုလေ့လာခဲ့သည်။ သို့သော် ကာလအတန်ကြာ၌ သူ၏အာရုံစူးစိုက်မှုမှာ သင်္ချာ ပညာရပ်နယ်ပယ်သို့ကူးပြောင်းသွားသည်။ သင်္ချာပညာရပ်နယ်ပယ်တွင် ထင်ရှားသော အမှတ်အသားတို့ ချန်ရစ်ထားခဲ့သည်။ အဝေးကြည့်မှန်ပြောင်းကို တီထွင်ခဲ့ပြီး အခြားသော အရေးပါသည့် ရှာဖွေတွေ့ရှိမှုတို့ကိုလည်းပြုလုပ်သွားသည်။

         လတွင်မညီညာသောမျက်နှာပြင်ရှိကြောင်း ကမ္ဘာမြေမှလေ့လာစူးစမ်းခဲ့ပြီး ကြာသပတေးဂြိုဟ်(Jupiter) ၌ လများ( ဂြိုဟ်ငယ်များ)ရှိကြောင်းကိုလည်းစူးစမ်းလေ့လာခဲ့သည်။ထိုစဉ်က ခရစ်ယာန်ဝတ်ကျောင်းတော် အသိုင်းအဝိုင်းတွင် ရေပန်းစားခြင်းမရှိခဲ့သော ကိုပါးနိကပ်စနစ်ကို ဂယ်လီလီယိုက ကြီးစွာ အထောက်အပံ့ဖြစ်စေခဲ့ပြီး ကွယ်လွန်အနိစ္စရောက်သည့်တိုင် နေအိမ်အကျယ်ချုပ်ဖြင့်နေထိုင်ခဲ့ရသည်။

*********အမှတ်ရစေသောနေ့စွဲများ*********

12th Feb 1564

အီတလီနိုင်ငံ၊ ပီဆာမြို့၌ ဖွားမြင်သည်။

1609-1610

လမျက်နှာပြင်သည် မညီမညာဖြစ်လျက်ရှိကြောင်း ရှာဖွေတွေ့ရှိသည်။

7th Jan 1610

ကြာသပတေးဂြိုဟ်ရှိ ဂြိုဟ်ငယ်များရှာဖွေတွေ့ရှိသည်။

1632

"လောကအဓိပတိ စနစ်နှစ်ခုနှင့်ပတ်သက်၍ ဆွေးနွေးခြင်း” အမည်ရှိ

ကျော်ကြားလှသောစာအုပ်ကို ရေးသားသည်။

8th Jan 1642

အီတလီနိုင်ငံ၊ ဖလော့ရင့်စ်မြို့အနီးရှိ အာစင်ထရီတွင် ကွယ်လွန်သည်။

No comments:

Post a Comment